Friday, August 19, 2011

အမှတ်တရ


မီးမီးငယ်ငယ်တုန်းကဆိုရင် သမီးခြေထောက်လေးတွေက သေးသေးလေးတွေ.. မာမီချစ်လွန်းလို့ပါးစပ်လေးနဲ့ ငုံထားတာ...
မီးမီးငယ်ငယ်တုန်းကဆိုရင် အူဝဲ အူဝဲ နဲ့ ငိုတာလေ..
မီးမီးငယ်ငယ်တုန်းကဆိုရင်.... ချိုဗူးတွေ တစ်ဗူးပြီး တစ်ဗူး စို့တာလေ
မီးမီးငယ်ငယ်တုန်းကဆိုရင်..... မီးမီးက ပိစိကွေးလေးပဲ ရှိသေးတာ ... အခု မန်မန်းစားလို့ ကြီးလာတာလေ...
မီးမီးငယ်ငယ်တုန်းကဆိုရင်လေ.........
မီးမီးငယ်ငယ်တုန်းကဆိုရင်လေ
...................
မီးမီးငယ်ငယ်တုန်းကဆိုရင်လေ.............................
မီးမီးငယ်တုန်းက ဆိုရင် ..............................................ဘာဖြစ်တာလဲ ပြောပြပါဦး လို့မေးတတ်နေတဲ့သမီးလေး လူကြီးဖြစ်သွားတဲ့အခါ ခုလိုပဲ စိတ်ဝင်တစား မေးဦးမှာလား မသိပါ။ သေချာတာကတော့ မိဘတိုင်းက သားသမီးတွေ ရဲ့ အမူအကျင့် တွေကို ဘယ်အရွယ်ပဲရောက်ရောက် တသသ နဲ့ပြောတတ်ကြတာပါပဲ။ သုံးနှစ်ကျော် သမီးလေးရဲ့ စကားလေးတွေ အမူအကျင့်လေးတွေ ကို အမှတ်တရ ပိုစ့်အဖြစ်နဲ့ ချစ်မြတ်နိုးစွာ ရေးမိပါတယ်။


ခင်ကြီးကျယ်

သမီးက အသန့်အပြန့်ကြိုက်သလို စည်းကမ်းလည်း ကြီးတယ်။ သူ့ပစ္စည်းတွေ သူများကိုင်တာမကြိုက်၊ အိမ်ကပစ္စည်းတွေ ထားနေကျနေရာမဟုတ်ရင်ချက်ချင်း ပြန်ရွှေ့တတ်တယ်။ ဗီရိုမှာ အဝတ်လေးညှပ်နေရင် ချက်ချင်းပြန်ဖွင့်ပြီး အဝတ်ကို သေချာထည့်ပြီးမှ ပြန်ပိတ်တယ်။ အလုပ်များနေတဲ့အခါမှာ သမီးရဲ့ စည်းကမ်းတင်းကျပ်တာတွေကို စိတ်ညစ်မိတယ် ။ မာမီ ဘာလို့ အံဆွဲက သေချာမပိတ်တာလဲ ... မာမီ...ဒီနားမှာညစ်ပတ်နေတယ် မာမီ မီးမီး ဖိနပ် ညစ်ပတ်နေပြီ ရေဆေးပေးပါဦး ဆိုတာတွေညံနေအောင်လဲ ခိုင်းတတ်တယ်။ သမီးရဲ့ အအေးသောက်ထားတဲ့ ခွက်ထဲကို နေကြာစေ့ခွံတွေ ထည့်မိတော့ သမီးက ဘာလို့မီးမီးရဲ့ ခွက်ထဲထည့်တာလဲ တဲ့။ ပြန်ဆေးပေးပါ့မယ် လို့ပြောလဲ မရ။ မထည့်နဲ့ မီးမီးမကြိုက်ဘူး တဲ့။ ကျွန်မလဲ စိတ်ပေါက်ပေါက်နဲ့ ခင် ကြီးကျယ်... ခင်ကြီးကျယ် လို့သီချင်းလုပ်ဆိုတော့ မျက်နှာတည်တည် နဲ့ ဘယ်သူ့ကို ပြောတာလဲ တဲ့။

မီးမီးဖုန်းတစ်ခါပဲကြည့်မယ်နော် လို့ ခွင့်တောင်းတတ်သလို တကယ်ပဲ သူဆော့ချင်တဲ့ game
တစ်ပွဲလောက်ဆော့ပြီးရင် ဖုန်းပိတ်ပြီးပြန်ပေးတတ်တယ်။ သမီးကသူသိပ်ကြိုက်တဲ့ Vitamin C ဆေးပြားလေးတွေကို တစ်နေ့သုံးပြားပဲနော် လို့ ပြောထားတော့ ဆေးပုလင်းထဲကနေ ပိုကျလာတာ တွေကိုပြန်ထည့်ရှာတယ်။ လူကြီးတွေဘုရားရှိခိုးနေရင် အသံမထွက်ပဲ တိတ်တိတ်လေးနေပေးတယ်။

Complain များနဲ့ မီးမီး

စကားကောင်းကောင်းပြောတတ်လာတာနဲ့ သမီးက Complain စများတော့တာပါပဲ။ အေ့...မီးမီး နားထဲ ဆပ်ပြာဝင်ကုန်ပြီ... ချော်လဲတော့မှာပဲ .. ဒါမျိုးလုပ်ရင် မီးမီးမျက်စိ စပ်တယ် စတဲ့ အသံမျိုးစုံ က ရေချိုးချိန်။

မန်းမန်းက အအေး လဲ မပါဘူး ဘာဖြစ်လို့လဲ။ မာမီက အများကြီးကျွေးတာကိုး ... မီးမီး အဟွတ်.အဟွတ်.ဖြစ်ကုန်ပြီ
ဆိုတာတွေက ထမင်းစားချိန်။

အပြင်သွားရင် ဟိုဟာဝတ်မယ် ဒီဟာဝတ်မယ် နဲ့ ချေးများတာ တွေ၊ ဟိုဖိနပ်စီးမယ် ဒီဟာမကြိုက်ဘူး ဆိုတာ တွေ၊ သူ့ရဲ့ နာရီ မျက်မှန် စတဲ့ ဘာညာတွေရွေးတာတွေ ကို အတတ်နိုင်ဆုံး စိတ်ရှည်ရှည် ထားရတာနဲ့ လူတောင်တော်တော် သည်းခံတတ်လာတယ်။

ကဲ့ရဲ့တတ်သူလေး

နေကာမျက်မှန်တပ်ပြီး ပဲများနေတဲ့ ကျွန်မက သမီးကို လှလားလို့ သူ့ အဖေရှေ့မှာ မေးတော့ သမီးရဲ့ ရက်ရက်စက်စက် မှတ်ချက်က လှဘူး .. ချုံးမကြီး (စုန်းမကြီး) လိုပဲ တဲ့။ ဒါနဲ့သမီးနဲ့ နှစ်ယောက်တည်းရှိတဲ့ အချိန် မှာပြန်မေးတော့ သိပ်လည်တဲ့ မီးမီးက လှတယ် ...ကိုးရီးယား ကားလိုပဲ တဲ့။ သမီးက သူ့အဖေ အားကိုးရှိရင် နည်းနည်းကဲ တတ်တယ်။

တနေ့တော့ ကျောင်းအသွား လမ်းမှာ နေကာမျက်မှန်နဲ့ အမျိုးသမီးတစ်ယောက်ဖြတ်သွားတော့ သမီးက လှလဲ လှဘူး တဲ့။ တော်သေးတာ က မြန်မာ မဟုတ်လို့သာပေါ့။ ဘတ်စ်ကားပေါ်မှာ အိပ်ငိုက်နေတဲ့ အဖွားအို ကိုမြင်တော့ အမေနားကပ်ပြီး မာမီ.. အန်းမ (အဖွား) အစ်စ် စလစ်ပီး လို့ ပြုံးတုံ့တုံ့ အတင်းလဲတုပ်တတ်ရဲ့။ ခိုအမဲလေးတွေ မြင်ရင် သူတို့ကရေမချိုးလို့လေ အသားမဲတာ လို့ အတည်ပေါက်နဲ့လည်း ပြောတတ်ရဲ့။ နယ်ကသူ့ဘကြီး ဓါတ်ပုံကို ကြည့်ပြီး ဟား ဟား ဖိနပ် အချုတ်ကြီး လို့လဲ ကဲ့ရဲ့တတ်ရဲ့။

ဆရာမ

ကျောင်းတက်တာကြာလာတာနဲ့ အမျှ သမီးက ကျောင်းကဆရာမလေသံ အတိုင်းအိမ်မှာဆရာလုပ်တတ်လာတယ်။တခါ တခါ ဆရာမလေယူလေသိမ်း ကိုအတုခိုးပြီးပြော လို့အားမရ အမူအယာပါ ပါလာတယ်။ ဟွန်း... angry ! လို့ သူစိတ်ဆိုးတိုင်း ခါးထောက်ပြီး ပြောတတ်တယ်။ သူရဲ့ အရုပ်ကလေးတွေကို တန်းစီထိုင်ခိုင်းပြီး စာသင်တတ်နေပြီ။စာအုပ်ကို လက်တဖက်က ကိုင်ပြီး ဟိုအရုပ် လှမ်းပြီးဟောက်လိုက် ဒီအရုပ် လှမ်းပြီးဟောက်လိုက် နဲ့ အလုပ်များချင်ယောင် ဆောင်တတ်နေပြီ။အဖေနဲ့ အမေ ငြင်းခုံနေရင် Hay... can not fight !can not fight ! လို့ ကြားဝင်စေ့စပ် ပေးတတ်နေပြီ။သူပြောသမျှကို ဟုတ်ကဲ့ တီချား Sandy လို့ပြောရင် အင်း.... လို့သံရှည်ဆွဲပြီးသဘောကျနေတတ်တယ်။ သမီးရဲ့ ဆရာမ က သူဟာကျောင်းမှာလဲ ဆရာသိပ်လုပ်တတ်တယ် တဲ့။
တခါတလေ ကလေးတို့ ထုံးစံ အတိုင်း အကဲပိုပြီး ဆိုး နေတဲ့အခါ " ဆိုးရင် မာမီ ရိုက်မှာနော်" လို့ ကြိမ်းမောင်းရင် သူက မ ရိုက် နဲ့.... မီးမီး မကြိုက်ပါဘူး လို့ပြန်ပြောတတ်နေပြီ။
သမီး ကိုအိမ်မှာဗမာစကားပဲပြော ရမယ်လို့ စည်းကမ်းထုတ်ထားတဲ့ သူ့အဖေ အိမ်မှာ English လိုပြောမိရင် သမီးကချက်ချင်းပဲ ဒက်ဒီ... ဗမာလိုပြောလေ လို့ ထောက်တယ်။

..........သမီးက အိမ်ရဲ့ ဆည်းလည်းလေးဖြစ်သလို တစ်ခါတလေကျရင်တော့ အရမ်းအသံမည်တဲ့ ခေါင်းလောင်းကြီးလိုပဲ။ သူငိုရင် အသံအကျယ်ကြီးလုပ်ငိုလို့လေ။ ဘာပဲဖြစ်ဖြစ် သမီးလေး ခုချိန်ထိ မိဘကို အရမ်းမပင်ပန်းစေပဲ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် နဲ့ ကြီးပြင်းလာတဲ့ အတွက် ကျေးဇူးတင်မိပါတယ်။ ...............











Monday, April 25, 2011

မုတ်ဆိတ်ဝယ်ပေးပါ

(1)
တနေ့သောည နေခင်းမှာ သားအမိ နှစ်ယောက် တီဗီ ကြည့် နေရင်း နဲ့ ကြေငြာတစ်ခုလာတယ်။ သမီးက ရုတ်တရက် ပြောတယ်၊ " ဦးဦး ဟာက အရှည်ကြီး ပဲ " တဲ့။ ဘာရှည်တာလဲ လို့ ကျမကပြန်မေးတော့ သမီးကသူ့ မေးစေ့လေး ကိုင်ပြရင်း "ဒါ ဒါ " လို့ပြန်ပြောတယ်။တီဗီ ထဲက လူကိုသေချာ ကြည့်လိုက်တော့ မုတ်ဆိတ် ရှည်နဲ့။ ဒါနဲ့ သမီး ကို " အဲဒါ မုတ်ဆိတ် လို့ခေါ် တယ် " လို့ ရှင်းပြတော့ သမီးလေးက
" ဟင်း.... မီးမီးလိုချင်တယ်... မီးမီးလို ချင်တယ် .... မုတ်ဆိတ်ဝယ်ပေးပါ " တဲ့။

(2)
နေ့ခင်းဖက်တစ်ရေး နိုးလာတဲ့သမီးလေးက သူ့ဒက်ဒီကို ချက်ချင်းမေးတယ်။ အပြင်ခဏထွက်သွားတယ်လို့ ကျမကပြန်ဖြေတော့ သမီးရဲ့ မျက်ခုံးလေးကျုံ့သွားတယ်။ တရေးအိပ်ပြီးရင် Shopping Center သွားရမယ်လို့ပြောထားတာကို မမေ့ပဲ သူ့အဖေကသူ့ကို မခေါ်ပဲ ထွက်သွားတယ်ပေါ့။ ခဏကြာလို့ အိမ်ရှေ့တံခါးမှာ သော့ဖွင့်သံကြားတော့ သမီးက အိမ်ရှေ့ကိုပြေးထွက်ပြီး သူ့ဒက်ဒီကိုလည်း မြင်ရော
" You go shopping center la? Huh? You are very.. very... naughty." တဲ့။

(3)
နှစ်ဆန်းပိုင်းတုန်းက နယ်ပြန်ပြီး တစ်လခွဲလောက်သွားနေလိုက်သေးတယ်။ သမီးရဲ့ တဝမ်းကွဲ မမတွေနဲ့ ခဏရင်းနှီးပြီး ခွဲခဲ့ရတော့ တစ်ယောက်တည်းသမားပီပီ သမီးကမေ့ပုံမရဘူး။ သမီးမမတွေ သူတို့အဖေတာဝန်ကျနေတဲ့ "ဘိုကုန်း" ဆိုတဲ့ရွာလေးကို ပြန်တဲ့ရက်ကဆိုရင် လှေဆိပ်မှာသမီးက ဝက်ဝက်ကွဲငိုတယ်။ နောက်ပိုင်း သူ့ကိုဘယ်အချိန်မေးမေး မမတွေ ဘိုကုန်းကိုလှေနဲ့ ပြန်တယ်လို့ သူမှတ်မိနေတယ်။ မနေ့က သူ့ကို အမေ့ကောက်ပြီး မေးကြည့်တယ်။

" ဗန်းမော်က မမတွေကို မှတ်မိသေးလား သမီး "
" အင်း မှတ်မိတယ် မမသုံးယောက်"

" သူတို့ ကဘယ်ကိုပြန်သွားတာလဲ "
" ဘိုကုန်း ကို"

" ဟား .....သမီးက မှတ်မိသေးတာပဲ .. ဘိုကုန်းကို ဘာနဲ့ ပြန်သွားတာလဲ"
" အင်း... (ပြုံးပြုံးလေး) လုပ်နေတယ်"

ပြီးတော့ မဆိုင်းမတွ ဖြေရှာတယ်။

" MRT နဲ့" တဲ့။

School Picnic to Hortpark

With her close friends..


Green green grass

Activities with teachers and friends.

Monday, November 1, 2010

All about of Sandi

It'd be a very interesting phase of life when the child starts speaking. Sandi is now trying to show off her feeling through words and knows very well how to ask parents to fulfill her needs. We have been alerted every second by her actions and words. Also, we've been shocked by her words which we'd never ever expected from her.

To be growing up in Singapore, it happens to learn three languages at least. It's nothing strange and natural.Knowing that some people can learn more than three languages,.. (eg. my ex- manager can speak five languages fluently.), I'm sure she'll be picking up everything finally yet a mixture of languages is torturing her right now.Sometimes,, i feel pity to her since she has been given so much pressure.Though we don't want to be the ones who are giving so much pressure to their children, i feel that we are those ones exactly in practice.

As like other peer level, she is very good in imitation. She pretends to be her teacher and shows us how her teacher speaks to her. ( eg. " You ! Close your eyes !!).We can't stop laughing whenever she does.

She uses to say " I don't want you! " " What's the hell? " ......... whenever she is annoying .Those kind of words make me worry and I usually try to zip her mouth up.

I don't know how many times I've asking her that " Do u love me?" when she starts knowing how to answer " Yes, i do". If my next question would be " How much do u love me?", she'd definitely answer " Two" by showing her fingers. If i ask " From where? " , she says "From my Heart".

One day, Sandi's teacher told me that how she loves music and likes to sing songs. Of course she does ! She is the one who ever asks me to turn on Lady Ga Ga's songs. Then she added" Sandi is very friendly as well".Frankly , as a mother, it came across sweetly to my hearing . After that I realized all of the mothers in the world would be like me when they heard some good things about their children.

However, sometimes, Sadi makes me sad. Because, whenever i ask her that" Am I pretty?", she says " NOooo ..... but me". What a naughty girl!

Well, these are some interesting things of Sandi at her aged of 2 and half.



After asking several times to own a sun glass ,,, mun finally bought one for me... Look ! doesn't seem like Lady Ga Ga's style?






(30 Oct 2010)

Tuesday, October 19, 2010

Happy Moment

video



Last few weeks ago, the principal of " My first Skool " informed me about HFM (Hand, foot and mouth)disease which was keep on spreading among children and they decided to close the center for 10 days to take thorough cleaning of the center , toys and improve the center's learning environment. They took professional cleaning as well.

Well...most of the parents found it difficult to get short-term alternative care of their children though it couldn't bother me. I was happy that i thought i could spend some quality time with my girl. But ......... after taking care of her for 10 days, i lost my weight 3kg though she gained 3 kg.

Let's imagine how naughty she was ! i couldn't take  a nap or even a breath .LOL!

Now it's the time to go back to school. Sandi is crying again when i send her to school but hopefully this will be fine soon.

So,, this is the video proving that she made me restless. Enjoy !